လိင်စိတ်ခံယူမှုအပေါ် မနှစ်မြို့ခြင်း အား ရပ်တန့်အောင် ကျွန်ုပ် ဘယ်လို ကူညီပေးနိုင်မလဲ?

             အခြားလူတစ်ဦးအား ခွဲခြားဆက်ဆံရန်၊ အနိုင်ကျင့်ရန်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေရန် လုပ်ဆောင်နိုင်မှုအတွက် မည်သူတွင်မှ အခွင့်အရေး မရှိပါ။ Transphobia ၊ Biphobia နှင့် Homophobia တို့အား ရပ်တန့်အောင်ဆောင်ရွက် နိုင်မည့်အရာအချို့ ရှိပါသည်။

  • LGBTQ များအား အဆိုးမြင်သည့် စော်ကားသည့် အသုံးအနှုန်းများ အား မသုံးစွဲရန်
  • LGBTQ များနှင့် ပတ်သက်သည့် ပုံသေတစ်ဖက်သတ် အမြင်များကို မယုံကြည်ရန်၊ ခန့်မှန်းချက်များ မပြုလုပ်ရန်
  • သင်သည် မည်သည့် လိင်မှုဆိုင်ရာ နှစ်သက်ဦးတည်မှုရှိသည်ပင် ဖြစ်စေ LGBTQ အသိုက်အ၀န်းအတွက် နှုတ်အားဖြင့်ကူညီပေးရန်၊
  • သင့်ဘ၀တွင် တွေ့ကြုံရသည့် LGBTQ များအား သင်သည် မိတ်ဆွေ၊ မိတ်ဖက် ဖြစ်ကြောင်း အသိပေးရန်
  • LGBTQ များနှင့် ပတ်သက်၍ ပိုမိုသိနားလည်အောင် လေ့လာရန်
  • LGBTQ များ၏ ဆုံးဖြတ်ချက်ကို လေးစားရန်
  • LGBTQ ဖြစ်ခြင်းမှာ လူတစ်ဦး၏ ဘ၀တွင် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်ကို သတိပြုရန်
  • LGBTQ မိတ်ဆွေ (သို့မဟုတ်) မိသားစုဝင်များကိုးပုံမှန်ဆက်ဆံရန်