လိင်ကိစ္စကို မည်သို့ ငြင်းဆန်မည်လဲ

လိင်ကိစ္စကို မည်သို့ ငြင်းဆန်မည်လဲ
သင်သည် မိမိအဆင်သင့် ဖြစ်မည့်အချိန်ကို ကိုယ်တိုင်ဆုံးဖြတ် နိုင်ခွင့်ရှိသည်။ သင်လိင်ဆက်ဆံဖူးပြီး ဖြစ်လျှင်ပင် မည်သည့် အချိန်တွင်မဆို၊ မည်သူကိုမဆို၊ မည်သည့်အကြောင်းပြချက်ကြောင့် မဆို  ငြင်းဆန်ခွင့်ရှိသည်။

သင်လိင်ဆက်ဆံခြင်း မပြုလိုပါက သဘောမတူကြောင်း သင်ကိုယ်တိုင် ပြတ်ပြတ်သားသား ငြင်းဆိုပါ။ ဖိအားပေး ခြိမ်းချောက်မှုကြောင့် လိုက်လျောရပါက ရာဇ၀တ်မှုမြောက်ပါသည်။ ဥပဒေအရ တိုင်ကြားနိုင်ပါသည်။

ငြင်းဆန်ခြင်းကို ဖေါ်ပြပြောဆိုတတ်ရန် အကြံပြုချက်အချို့
သူ့ကို သင်သည် အမှန်တကယ်နှစ်သက်ကြောင်း၊ ချစ်ကြောင်း သိစေနိုင်သည်။ သို့သော် လိင်ကိစ္စအတွက် သင်လုံးဝအဆင်သင့် မဖြစ်ကြောင်းပြောပါ။ သင့်ခံစားချက်များကို သူတန်ဖိုးထားလျှင် သင့်ကို အမှန်တကယ် ဂရုစိုက်မည်ဟု သတိပေးလိုက်ပါ။

ချစ်သူရဲဆွဲဆောင်စည်းရုံးမှုကို ဘယ်လိုငြင်းမလဲ
  • ဘာကြောင့် ငြင်းရသလဲဆိုတာကိုလည်း ရှင်းပြပါ။ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်း၏ အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ရှင်းပြပါ။ အခြားပျော်ရွှင်ဖွယ် ကောင်းသော၊အန္တရာယ်ကင်းသော အလုပ်တစ်ခုဖြင့် အစားထိုးရန် အဆိုပြုပါ။
  • ချစ်သူ၏လွှမ်းမိုးမှုကို ကျော်လွန်အောင် ငြင်းဆိုရာတွင် ပြတ်သားစွာ ပြောဆိုရန်လိုအပ်ပါတယ်။ အားနာရန်မလိုပါ။
  • မိမိပြောလိုသောအရာ မိမိရဲ့ အယူအဆအမြင်များကို ရှင်းရှင်းလင်းလင်းနှင့် ပြတ်သားစွာ ပြောဆိုသင့်ပါတယ်။
  • ပထမအကြိမ် မအောင်မြင်လျှင် စိတ်မပျက်ပါနှင့်၊ နောက်တစ်ကြိမ်ဆက်၍ကြိုးစားပါ။ တဖြည်းဖြည်းနှင့် အောင်မြင်လာပါလိမ့်မယ်။
  • ချစ်သူ၏လွှမ်းမိုးမှုများကို ပြတ်သားစွာ ဖြတ်သန်း ကျော်လွှားရန် သာမက ထိုသူရဲ့ အပြုအမူ၊ အတွေးအခေါ်၊ အယူအဆများ ပြောင်းလဲသွားစေရန် အတွက် တိုက်တွန်းခြင်းများကို ပြုလုပ်သင့်ပါတယ်။
  • ချစ်ခြင်းနှင့် လိင်ဆက်ဆံခြင်း မတူညီကြောင်းရှင်းပြပါ။