လိင်အင်္ဂါများ နာကျင်နေသည်။

သင်သည် အောက်ပါတို့ကို ခံစားနေရလျှင်

  • ပေါင်ခြံတွင် အကျိတ်ထွက်ခြင်း
  • မိန်းမကိုယ်မှ အရည်ဆင်းခြင်း
  • လိင်တံထိပ်မှ အရည်ဆင်းခြင်း
  • ကပ္ပါယ်အိတ်ရောင်ခြင်း/နာခြင်း

၁။ အခြေအနေဖြစ်ရခြင်း၏ အကြောင်းရင်းများမှာ အဘယ်နည်း။

လိင်အင်္ဂါများပေါ်ရှိ အနာများနှင့် အရည်ကြည်ဖုများသည် များသောအားဖြင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကြောင့် ဖြစ်ပါသည်။ နာကျင်မှု မရှိ (ဥပမာ ဆစ်ဖလစ်) သို့မဟုတ် နာကျင် (ဥပမာ ရှန်ကာ) နိုင်ပါသည်။

၂။ သင်ဘာလုပ်နိုင်မည်နည်း။

ရောဂါသတ်မှတ်ရန် နှင့် ကုသမှု ရရှိရန်အတွက် ဆေးကုသစောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပါ။

မိန်းမကိုယ်အတွင်းပိုင်းအား ဆေးကြောခြင်း (ရေ သို့မဟုတ် ဆပ်ပြာကဲ့သို့သော ပစ္စည်းများနှင့် ဆေးကြောခြင်း) သည် ကူးစက်ရောဂါများ သို့မဟုတ် အခြားပြနာများအား ကာကွယ်နိုင်ပါသလား။

ထိုသို့ ဆေးကြောခြင်းအား ရှောင်ရှားလျှင် ပိုကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ခန္ဓာကို်ယ်မှ သဘာဝအလျှောက်ထွက်သော အရည်များကို ဆေးကြောပစ်လိုက်သလို ဖြစ်သွားနိုင်ပါသည်။ ဆပ်ပြာကဲ့သို့သော ပစ္စည်းများကို အသုံးပြုကာ မိန်းမကိုယ်အတွင်းပိုင်းအား ဆေးကြောပါက ယားယံခြင်းကိုဖြစ်စေပြီး နာကျင်မှုနှင့် မသက်မသာဖြစ်မှုများကို ဖြစ်စေနိုင်ပါသည်။ အိမ်သာသွားတိုင်း အပြင်ဘက် လိင်အင်္ဂါတစ်ဝိုက်ကိုသာ ဆေး  ကြောကာ သန့်ရှင်းသော ပိတ်စ သို့မဟုတ် တစ်ရှုးစဖြင့် ခြောက်သွေ့အောင် သုတ်ပေးပါ။