အချစ်နှင့်လိင်ကိစ္စ ဘယ်လိုဆက်နွယ်နေသလဲ

  • အချစ်ဟာလိင်ကိစ္စနဲ့တိုက်ရိုက်ဆက်စပ်တယ်လို့ထင်ကောင်းထင်နေနိုင်ပါတယ်။ 
  • ချစ်သူတွေကြားမှာလိင်ကိစ္စရှိမှ သမီးရည်းစားဆက်သွယ်မှုမှာ ပိုမိုထိန်းသိမ်းနိုင်တယ်လို့လည်း အထင် မှားကောင်း မှားနေကြပါလိမ့်မယ်။
  • အချစ်ကိုလိင်ကိစ္စပြုလုပ်ဖို့အတွက် ကြားခံတစ်ခုအနေနဲ့ အသုံးမချသင့်ပါဘူး။
  • ချစ်ခြင်းခိုင်မြဲဖို့အတွက် အခြားအရေးကြီးတဲ့လိုအပ်ချက်တွေ အများကြီးရှိပါတယ်။
  • မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတွေ၊ လူမှုရေးစံသတ်မှတ်ချက်တွေအရ အိမ်ထောင်မကျခင်မှာ လိင်ဆက်ဆံတာကို အများစုက လက်မခံကြသေးပါဘူး။
  • အိမ်ထောင်မပြုခင် လိင်ဆက်ဆံမိတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့အရွယ် မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း၊ ကူးစက်ရောဂါကူးစက်ခံရခြင်း စသည်များကို ရရှိခံစားရနိုင် ပါတယ်။
  • အချစ်နှင့်အတူ တာဝန်ယူမှုရှိပါမှသာ အချစ်ဟာကြာရှည်တည်မြဲနိုင်မှာပါ။