သင်၏တန်ဖိုးထားမှုကို မည်သို့ဖော်ထုတ်မည်နည်း။တန်ဖိုးထားမှုများနှင့် ဆုံးဖြတ်ချက်များ ဘယ်လို ဆက်နွယ်သလဲ

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း။

ကိုယ်ပိုင်တန်ဖိုးထားမှုများကို သတ်မှတ်ဖော်ထုတ်ခြင်း

     (သင့်အတွက် အရေးကြီးသည်ဟုယူဆသော အကြောင်းအရာသည် သင်တန်ဖိုးထားမှုပင်ဖြစ်သည်။ အောက်ပါမေးခွန်းများကို သင့်ကိုယ်သင်မေးကြည့်ခြင်းဖြင့် သင်၏တန်ဖိုးထားမှုကို ဖော်ထုတ်နိုင်သည်။)

       ဤအကြောင်းအရာသည် သင့်အတွက် အရေးကြီးပါသလား/အရေးကြီးသည်ဟု ထင်ပါသလား။

       ထိုသို့ အရေးကြီးသည်ဟု သတ်မှတ်ထားသည့်အချက်ကို သင်လေးစားသူများက ကျေနပ်လက်ခံ မည်ဟု ထင်ပါသလား။

       သင်အရေးကြီးသည်ဟု ထင်သောအရာကို ဖော်ပြရန် တစ်စုံတစ်ရာပြုလုပ်ခဲ့ဖူးပါသလား။

       တခြားသူများက သင်အရေးကြီးသည်ဟု သတ်မှတ်ထားသည့်အရာအပေါ် ပြက်ရယ်ပြုပါက သင်ခံနိုင်ရည်ရှိစွာ ဖြင့် ဆက်လက်တန်ဖိုးထားနိုင်ပါသလား။

တန်ဖိုးထားမှုနှင့် ဆုံးဖြတ်ချက်များဆက်နွယ်မှု

       ထိုအရေးကြီးသောအရာအပေါ်တွင် သင်၏လက်ရှိပြုမူနေထိုင်ပုံနှင့် သင်၏အမြင်တို့သည် ကိုက်ညီမှု ရှိပါသလား။

       ကိုယ့်အတွက် ဘာအရေးကြီးတယ်ဆိုတာနဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိတဲ့သူ ဟာ မိမိကိုယ်ကိုသိရှိခြင်းဆိုတဲ့ ကျွမ်းကျင်မှုရှိတဲ့သူဖြစ်တယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့ရည်မှန်းချက်ကို ရောက်အောင်ဆောင်ရွက်ဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်း မြင်တတ်တဲ့အတွက်လည်း စိတ်ကျေနပ်မှုရှိပြီး သူတို့ရဲ့နေ့စဉ်ဘ၀မှာ တွေ့ကြုံရမယ့် ဘယ်လိုအခက်အခဲ တွေကိုပဲဖြစ်ဖြစ် အောင်မြင်အောင်ဖြေရှင်းနိုင်မယ်၊ ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည် ကြတယ်။

             ဒါ့အပြင် သူတို့ရဲ့တန်ဖိုးထားမှုကိုလည်း သတိပြုပြီးရည်မှန်းချက်ကိုရောက်ဖို့ သူတို့ရဲ့ အရည်အသွေး၊ အင်အားနဲ့ အချိန်တွေကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျတဲ့ရည်မှန်းချက်တွေကို ချမှတ်တတ်ကြတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် လူတစ်ယောက်အနေနဲ့ သူရဲ့ရည်မှန်းချက်ဟာ သူ့အတွက်အရေးကြီးတယ်၊ အကျိုးရှိတယ်ဆိုတာကို သိရမယ်။ အဲဒီလိုမသိခဲ့ရင် ရည်မှန်းချက်ကို ရောက်အောင်အတွက် သူ့ကိုယ်သူတွန်းအားပေးမှာ၊ စေ့ဆော်မှာမဟုတ်တော့ဘူး။ ဒီနေရာမှာ လိုအပ်တာကတော့ စေ့ဆော်မှုပဲဖြစ်တယ်။