ကျားမရေးရာသတ်မှတ်ချက်ဆိုသည်မှာ အဘယ်နည်း?

သင်၏ ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်မှာ သင့်အတွင်းစိတ် တွင် ခံစားရမှုနှင့် ထိုခံစားမှုများကို ဖေါ်ထုတ်ပြသပုံဖြစ်သည်။ အ၀တ်အစား၊ ရုပ်သွင်၊ အပြုအမူတို့မှာ သင်၏ ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်ကို ဖေါ်ထုတ်ပြသရန် နည်းလမ်းများ ဖြစ်သည်။

လူအများစုသည် မိမိတို့ အမျိုးသမီး သို့မဟုတ် အမျိုးသား ဖြစ်သည်ကို ခံစားသိရှိသည်။ အချို့မှာ အမျိုးသမီးဆန်သော အမျိုးသား သို့မဟုတ် အမျိုးသားဆန်သော အမျိုးသမီး စသည်ဖြင့် ခံစားရသည်။ ထိုသူများက မိမိတို့ကိုယ်ကို လိင်မျိုးစုံ ဆက်ဆံသူ (genderqueer)၊ လိင်နှစ်သက်ဦးတည်မှု မတည်ငြိမ် ပြောင်းလဲသူ (gender variant၊ gender fluid) စသည်ဖြင့် သတ်မှတ်နိုင်သည်။ သင်၏ ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်မှာ အသက် ၂နှစ် ၃နှစ်အရွယ်ကပင် စတင်နိုင်သည်။ အချို့လူများ၏ လိင်သတ်မှတ်ချက် နှင့် ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်တို့မှာ များစွာတူညီ၍  လိုက်လျောညီထွေ ရှိနိုင်သည်။ ၄င်းတို့ကို cisgender ဟုခေါ်သည်။ အခြားလူများတွင် ၄င်းတို့၏ လိင် သတ်မှတ်ချက်မှာ မိမိ၏ ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်နှင့် 

မတူသည်ကို ခံစားရသည်။ (ဆိုလိုသည်မှာ လိင် သတ်မှတ်ချက် သည် ‘မ’ ဖြစ်၍ ၄င်း၏ ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက်မှာ ‘ကျား’ ဖြစ်သည်။ ၄င်းတို့ကို ကျားမ လူမှုကဏ္ဍ သတ်မှတ်ချက် ပြောင်းလဲသူများဟုခေါ်သည်။ ထိုပြောင်းလဲသူအားလုံးသည် တိကျစွာ သတ်မှတ်ထားချက်များအတိုင်း မဟုတ်ပါ။

လိင်မှုကိစ္စ အကြောင်း ပိုမိုသိရှိလိုပါက "လိင်တိမ်းညွှတ်မှု" တွင် ကြည့်ပါ။