မိမိတစ်ဦးချင်းနှင့် သက်ဆိုင်သောတာဝန်

    မိမိ၏ကျန်းမာပျော်ရွှင်ရေးအတွက် ကောင်းသောအမူအကျင့်များ လေ့ကျင့်ခြင်းနှင့် ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် မိမိတစ်ဦးချင်းနှင့်သာ သက်ဆိုင်သည်။  ဆရာ၊ မိဘနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ကူညီ လမ်းညွှန်မှုများရယူနိုင်သည်။ သို့သော် အမှန်တကယ်လုပ်ဆောင်ရမည့်သူမှာ မိမိကိုယ်တိုင်ဖြစ်၍ စိတ်ပိုင်းဖြတ်ပြီး တာဝန်ယူလုပ်ဆောင်နိုင်သလောက် ကျန်းမာပျော်ရွှင်မှုကို ရနိုင်သည်။