သင့်ရဲ့ ပထမဆုံး ရာသီသွေးပေါ်ခြင်း

ပထမဆုံးအကြိမ် ရာသီသွေးပေါ်ခြင်း (menarche)

ရာသီသွေးစပေါ်မှုသည် ခန္ဓာကိုယ်၏ ကျန်းမာရေး အခြေအနေ၊ အစားအသောက်တို့ပေါ်တွင်မူတည်တတ်ပြီး  တစ်ချို့သူများတွင် ၎င်းတို့၏မိခင် ရာသီသွေးပေါ်ခဲ့သော အသက်အရွယ်နှင့် ဆင်တူတတ်ပါသည်။

ပထမဆုံးအကြိမ် ရာသီသွေး ပေါ်ခြင်းကြောင့်စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့် ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ သဘာဝတရားဖြစ်သဖြင့် စိုးရိမ်စရာ မလိုပါ။ တကိုယ်ရည် သန့် ရှင်းမှုကိုသာ ဂရုစိုက်ရန် လိုပါသည်။

ရာသီသွေးပေါ်သည့် ပထမနှစ်အနည်းငယ်တွင် ရာသီမမှန်ခြင်းအား စိတ်ပူရန်မလိုပါ။ တစ်ခါတစ်ရံ ရာသီသွေးပေါ်ချိန်တစ်ချိန်နှင့် တစ်ချိန်ကြား ပုံမှန်အားဖြင့်၂၈ရက်သာ ကြာတတ်ပြီး တစ်ခါတစ်ရံ ရက်အတိုအရှည်ရှိတတ်သည်။

ရာသီစပေါ်ပြီဆိုလျှင် သားဥကြွေပြီဖြစ်သဖြင့် ကိုယ်ဝန်ဆောင်နိုင်မည်ဖြစ်ကြောင်း သတိထားရန် လိုအပ်ပါသည်။