HIV ပိုးကူးစက်မှုကာကွယ်ရေးနည်းလမ်းများ

HIV သည် အဓိကအားဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ရှိသောသူ အသုံးပြုပြီးသော ဆေးထိုးအပ်ကဲ့သို့သော အသုံးအဆောင် ပစ္စည်းများကို ဝေမျှသုံးစွဲခြင်းတို့မှ ကူးစက်သည်။ HIVကူးစက်မှုကို လျော့ချရန်အတွက် အောက်ဖော်ပြပါနည်းလမ်းများကို လုပ်ဆောင် သင့်ပါသည်။

  • ကွန်ဒုံးနှင့် ချောဆီအသုံးပြု၍ လိင်ဆက်ဆံခြင်း
  • တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်များ သုံးစွဲခြင်း
  • စိတ်ချလုံခြုံသော သွေးသွင်းခြင်း
  • မိခင်မှ သန္ဓေသားသို့ HIV ရောဂါကူးစက်မှု ကာကွယ်ခြင်း (PMTCT)
  • HIV ရှိသူများတွင် ART ဖြင့် ကုသခြင်းဖြင့် အခြားသူများအား ရောဂါကူးစက်နိုင်မှုကို လျော့ချခြင်း
  • ဦးစားပေးအုပ်စုများဖြစ်သော  (မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံသူများ၊ လိင်လုပ်သားများ၊ အကျဉ်းသားများနှင့် ရွေ့ပြောင်းအလုပ်သမား များ) သည် HIV ကာကွယ်တားဆီးရေး ဝန်ဆောင်မှုများကို ရယူ သင့်သည်။
  • HIV အသစ် ကူးစက်ပျံ့ပွားမှုကို တားဆီးရန် ကာကွယ်ရေး လုပ်ငန်းတစ်ခုတည်းအားဖြင့် မစွမ်းဆောင်နိုင်ပါ။ HIV ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများကို တပေါင်းတစည်းတည်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှသာ အမြင့်မားဆုံး အောင်မြင်မှုကို ရရှိနိုင်ပေမည်။

လိင်မှုဆိုင်ရာအခန်း၏ စိတ်ချရသော လိင်ဆက်ဆံမှုအပိုင်းတွင် ဖတ်ရှုပါ။