သက်ရောက်မှု

ဟီးရိုးအင်း (ဘိန်းဖြူ) နှင့် ဘိန်းများသည် ဦးနှောက် (ဗဟိုအာရုံကြော စနစ်)၏ လုပ်ငန်းဆောင်တာများ ကို နှေးကွေး စေသည်။ဟီးရိုးအင်းသည် ဆေးလွန်ပါက ပျို့အန်မှု၊ အလွန်ယားယံခြင်း၊ အသက်ရှုနှေးခြင်း၊ ရပ်ခြင်း၊ မေ့မျောခြင်း နှင့် သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။

လတ်တလောသက်ရောက်မှုများမှာ ချက်ချင်း နှစ်သက်ဖွယ်ခံစားမှု ရရှိပြီး စိတ်ေ၀၀ါးမည်။ မှန်မှန် သုံးစွဲပါက ဦးနှောက်၏ လုပ်ငန်းများ ပျက်ယွင်းပြီး ထပ်ခါထပ်ခါ သုံးစွဲပါက ဆေးယဉ်ခြင်း (အာနိသင် ရရန် ဆေးပိုမိုလိုအပ်လာခြင်း)၊ ဆေးကို မှီခိုလာ ခြင်းနှင့် ဆေးစွဲခြင်းတို့ ဖြစ်လာမည်။