သူငယ်ချင်းဆိုတာဘာလဲ၊ သူငယ်ချင်းကောင်းဆိုတာဘာလဲ။

လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆက်ဆံခြင်း (Interpersonal Relationship)။

     သူငယ်ချင်းဆိုသည်မှာ အချင်းချင်းအပြန်အလှန်နားလည်မှုရှိသူ၊  ကိုယ်ချင်းစာတတ်သူ၊ သစ္စာရှိသူ၊ ရိုးသားပွင့်လင်းသူ ဖြစ်ပြီး၊ အထူးသဖြင့် အခြားသူများအနေဖြင့် အမှန်တရားကိုပြောပြရန်ခက်ခဲသော အခြေအနေတွင် အမှန်တရားကို ပြောရဲ သူ၊ သူငယ်ချင်းကို အကောင်းဆုံးဖြစ်စေချင်သောသူ ဖြစ်ပါသည်။

     သူငယ်ချင်းဆိုတာ အခင်ဆုံးလူတွေဖြစ်ကြပြီး တစ်ဦးပေါ်တစ်ဦး အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒရှိသူတွေ ဖြစ်တယ်။

     ရွယ်တူ၊ တန်းတူဆိုတာကတော့ မင်းတို့သူငယ်ချင်းအားလုံး၊ အသိအကျွမ်းအားလုံး၊ တစ်အုပ်စုထဲ၊ တစ်တန်းထဲ၊ အသက်တူ၊ ၀ါသနာတူတဲ့အပြင် လွှမ်းမိုးမှုရှိနိုင်တဲ့သူတွေ ပါဝင်နေတာဖြစ်လို့ အဓိပ္ပါယ်အားဖြင့် ပိုပြီးကျယ်ဝန်းတယ်။

     သူငယ်ချင်းဖြစ်ကြတယ်ဆိုတာကို ရင်းနှီးမှုနဲ့ဆက်ဆံရေးကောင်းမွန်မှုအပေါ်ကြည့်ပြီး ဆုံးဖြတ်ကြတယ်။ သူငယ်ချင်း ဆက်ဆံရေး ပြေလည်ကောင်းမွန်လာလေ ခင်မင်ရင်းနှီးမှု ပိုလာလေဖြစ်တယ်။