လမ်းခွဲခြင်း

ကျွန်ုပ်တို့ ရိုးသားစွာပြောဆိုကြပါစို့။ ကိုယ်ကထားရစ်ခဲ့တာဖြစ်ဖြစ်၊ သူ့ဘက်ကထားရစ်ခဲ့တာဖြစ်ဖြစ် နှစ်မျိုးလုံးက စိတ်ဆင်းရဲစရာကောင်းပါတယ်။ သင် ဆက်လက်မရှိလိုတော့သော့ ဆက်ဆံရေးတစ်ခုတွင် ဆက်ရှိနေခြင်း နှစ်ဦးလုံးအတွက် နွေးထွေးသောဆက်ဆံမှုကို ရရှိမည်မဟုတ်ပါ။ ဆက်ဆံရေးမှာနှစ်ဦးလုံးက လိုလားမှသာအကျိုးရှိပေမည်။ ထို့ကြောင့် အမှန်ပင်ခက်ခဲသည့်တိုင် ရိုးသားပါ။ သင် မည်သို့ပြောရမည်ကို မသေချာပါက မပြောမီ သင့်ခံစားမှုများနှင့်ခွဲခွာလိုသည့်အကြောင်းရင်းများကို စာဖြင့်ရေး၍ သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးကို အစမ်းပြောပြကြည့်ပါ။ သို့သော် သင့်ခံစားချက်ကို သင်ကိုယ်တိုင် ပြောရပါမည်။ အခြားသူတစ်ဦးက ခွဲခွာအောင်ဆောင်ရွက်မပေးနိုင်ပါ။ 

သင်မပျော်ရွှင်တော့သည့်အကြောင်းကို ပြတ်ပြတ်သားသားမပြောပဲ စောင်းပါးရိပ်ချေ တစ်စွန်း တစ်စ ပြောခြင်းမှာလည်း တခါတရံပိုမိုခက်ခဲစေနိုင်ပါသည်။ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံခြင်း၊ ဝေးကွာစွာနေခြင်း နှင့် သူတို့ဘာသာ သိသာလိမ့်မည်ဟု မျှော်လင့်ခြင်းတို့မှာ စိတ်ရှုပ်ထွေးမှုကိုသာဖြစ်စေ၍ သူတို့အပေါ် ထိခိုက် စေနိုင်ပါသည်။ ပွင့်ပွင့်လင်းလင်းပြောဆိုလမ်းခွဲခြင်းကိုသာ ဆောင်ရွက်ပါ။