ယောက်ျားလေးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ နှင့် လုပ်ငန်းဆောင်တာများ

 ဝှေး စေ့များ

-          ဝှေးစေ့နှစ်လုံးသည် ကပ္ပါယ်အိတ်ထဲတွင် ရှိပြီး သုတ်ပိုးနှင့် ယောက်ျားဟော်မုန်းများကို ထုတ်ပေးပါသည်။

လိင်တံ

၁။ အပိုင်း ၃ ပိုင်း ရှိပါသည်။ လိင်တံရင်း (root)၊ရိုးတံ (shaft)၊နှင့် လိင်တံထိပ် (glans penis)တို့ ဖြစ်ပါသည်။

  • လိင်တံထိပ်ဖုံး (foreskin) ဟု ခေါ်သော    အရေပြားအလိပ်အခေါက်ကလေးသည် လိင်တံထိပ် ကို ဖုံးအုပ်ပေးထားပါသည်။
  • လိင်တံ၏ထိပ်တွင်ဆီးထွက်ပေါက်ရှိသည်။ လိင်ဆက်ဆံရာတွင် လိင်တံသည် ကြီးမားတောင့်တင်းလာသည်။

ကပါယ်အိတ် (Scrotum)

  • ခန္ဓာကိုယ်အပြင်ဘက်တွင် တွဲလောင်းကျနေသော အရေပြားအိတ်များဖြစ်သည်။  
  •  ဝှေးစေ့များအား ခန္ဓာကိုယ်အပူချိန်ထက်အေးသောနေရာတွင် ထားရှိ ခြင်းဖြင့် သုတ်ပိုးများ ထုတ်လုပ်နိုင်ခြင်းကို ကူညီပေးသည်။
  • ရာသီဥတုအေးသောအခါ (သို့မဟုတ်) လိင်စိတ်နိုးကြွလာသောအခါ ကပ္ပယ်အိတ်ကြွက်သားသည် ကျုံ့ခြင်း၊ လျော့ခြင်းဖြင့် ဝှေးစေ့ ၏ အပူချိန်ကို ထိန်းညှိပေးပါသည်။

သုတ်ပို့ပြွန်

သုတ်ပို့ပြွန် သည် ဝှေးစေ့များမှအစပြု၍ သုတ်လှောင်အိတ် တွင်အဆုံးသတ်သည်။ သုတ်ရည်ကိုသယ်ဆောင်ပေးသည်။

ဝှေးစေ့တစ်ခုအတွက်သုက်ပို့ပြွန်တစ်ခုစီရှိသည်။ ဤပြွန်၏ အဓိကတာဝန်မှာ သုတ်ရည်ကို သယ်ဆောင်ပေးရန် ဖြစ်ပါသည်။

ဆီးထွက်ပြွန်

ဆီးထွက်ပြွန်သည် ဆီး နှင့် သုတ်ပိုးများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပေးသည့် လမ်းကြောင်းဖြစ်သည်။

အချို့အမျိုးသားများက သုက်လွှတ်စဉ် မတော်တဆ ဆီးထွက်ကျမည်ကို စိုးရိမ်တတ်ကြပါသည်။ သို့သော် ခန္ဓာကိုယ်က ထိုသို့ မဖြစ်စေရန် တည်ဆောက်ထားသဖြင့် ယင်းအား ပူပန်ရန် မလိုပါ။

ဆီးထွက်ပြွန်သည် ဆီးအိမ်မှထွက်လာပြီး လိင်တံထိပ်တွင် အဆုံးသတ်သည်။

သုတ်ရည်

သုတ်ရည်တွင် သုတ်ရည်ကြည် နှင့် သုတ်ပိုးများ ပါဝင်သည်။ တစ်ကြိမ်သုတ်လွှတ်လျှင် ထွက်သော သုတ်ရည်ပမာဏ သည် ၁.၅ မှ ၄မီလီလီတာကြား ရှိပြီး (လ္ဘတ်ရည်ဇွန်း (၁) ဇွန်းမှ (၃) ဇွန်းထိ ရှိနိုင်သည်။