လက်မထပ်ခင် လက်ထပ်ဖို့ အဆင်သင့်ဖြစ်၊ မဖြစ် ဘယ်လိုစဉ်းစားမလဲ….

သင်ဟာ လက်ထပ်ဖို့အဆင်သင့်ဖြစ်မဖြစ်ကို ရှူ့ထောင့်များများက စဉ်းစားကြည့်ပါ။ လူငယ်တစ်ဦးအိမ်ထောင်ပြုဖို့ဆိုတာ အောက်ပါအချက်တွေ အဆင့်သင့်ရှိနေပြီလားဆိုတာ အရင်စဉ်းစား ကြည့်သင့်ပါတယ်။

ပညာရေးအားဖြင့် ပြည့်စုံမှုရှိမရှိ

ကျောင်းပညာရေး (သို့မဟုတ်) အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတတ်ကျွမ်းပြီးမှသာအိမ်ထောင်ပြုသင့်သည်။ထိုပညာရပ်များကအိမ်ထောင်တစ်ခုထူထောင်ရာတွင်လိုအပ်သော ငွေကြေးပြည့်စုံမှုအတွက်စီးပွားရှာဖွေရာတွင်အထောက်အကူ ပြုမည် ဖြစ်ပါတယ် …

စီးပွားရေးအားဖြင့်အဆင်သင့်ဖြစ်မဖြစ်

အိမ်ထောင်တစ်ခုထူထောင်မည်ဆိုသည်နှင့်အိမ်ထောင်တစ်ခုရပ်တည်ရန်လိုအပ်သောစားဝတ်နေရေးနှင့်အခြားသောကျန်းမာရေး၊ပညာရေး၊လူမှုရေးကိစ္စအ၀၀အတွက်လိုအပ်သောသုံးစွဲမှုများကိုအထောက်အကူပြုရန်သင့်တင့်လျောက်ပတ်သောဝင်ငွေရနိုင်မည့်စီးပွားရေးလုပ်ငန်း (သို့မဟုတ်) ခိုင်မာသောအလုပ်အကိုင်တစ်ခုခုရှိထားပြီးမှသာအိမ်ထောင်ပြုသင့်ပါတယ် …

ကျန်းမာရေးအားဖြင့် ပြည့်စုံခြင်းရှိမရှိ

အိမ်ထောင်ပြုမည့်အမျိုးသား၊အမျိုးသမီးနှစ်ဦးစလုံးသည်ပျော်ရွင်သာမိသားစုဘ၀ကိုဖန်တီးရန်အတွက်ကျန်းမာရေးကောင်းမွန်အောင်ဂရုစိုက်ဖို့လိုအပ်သည်။

အသက်အားဖြင့်အဆင်သင့် ဖြစ်မဖြစ်

အမျိုးသမီးများအနေနှင့်အသက် (၁၈)နှစ် ပြည့်ပြီးမှသာအိမ်ထောင်ပြုသားမွေးလုပသင့်ပါတယ် … အသက် ၁၈ နှစ်မပြည့်သေးခင် အိမ်ထောင်သားမွေးပြုပါက ကျန်းမာရေးရှူ့ထောင့်အရလည်း အဆင်မပြေပါဘူး …

အိမ်ထောင်တစ်ခုထိန်းသိမ်းနိုင်စွမ်းရှိမရှိ

အိမ်ထောင်တစ်ခုထူထောင်ပြီဆိုလျှင်ထိုအိမ်ထောင်ရပ်တည်နိုင်ရန်အိမ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊၀င်ငွေရှာခြင်း၊သားသမီးများကို ပြုစုစောင့်ရှောက်ခြင်း၊ လင်နှင့်မယားဆက်ဆံပေါင်းသင်းရေး အစရှိသည့် အိမ်ထောင့်တာဝန်များကို အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးစလုံးက လက်တွဲတာဝန်ယူနိုင်ရန်လိုအပ်ပါတယ် …

ရင့်ကျက်မှုရှိမရှိ

လူတစ်ဦးတစ်ယောက်၏ရင့်ကျက်မှုသည်အသက်အရွယ်နှင့်မဆိုင်ပါ။ရင့်ကျက်မှုဆိုသည်မှာဆင်ခြင်ပိုင်းခြားနိုင်စွမ်း၊စဉ်းစားတွေးခေါ်နိုင်စွမ်း၊အခက်အခဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနှင့်လိုအပ်ပါကနားလည်ခွင့်လွှတ်နိုင်စွမ်းစသည့်အရည်အချင်းများပင်ဖြစ်ပါတယ် …

အိမ်ထောင်တစ်ခုထူထောင်ပြီဆိုလျှင်မိမိကြိုတင်မှန်းဆထားခြင်းမရှိသည့်အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ရမည်မှာမလွဲဧကန် ဖြစ်တဲ့အတွက် ရင့်ကျက်မှုမရှိသေးသော ဆယ်ကျော်သက်များအနေနှင့် အိမ်ထောင်ပြုမည်ဆိုလျှင် အိမ်ထောင်ကို ထိန်းသိမ်းရန် အခက်အခဲရှိနိုင်ပါတယ် … အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုပြန်လျှင်ဇနီးနှင့်ခင်ပွန်းသည်သာမကသားသမီးများအတွက်ပါဆင့်ပွား ဆိုးကျိုးများ ဖြစ်လာနိုင်တဲ့အတွက် အိမ်ထောင်ပြုမယ်ဆိုလျှင်ရင့်ကျက်မှုရှိရန်အထူးလိုအပ်ပါတယ် … ရင့်ကျက်မှုက ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အကောင်းဆုံး သမားတော် ဖြစ်ပါတယ် …