ရာသီသွေးလာနေစဉ် ခန္ဓာကိုယ်အား ဂရုစိုက်ပါ။

ရာသီသွေးလာနေစဉ်  ခနာကိုယ်အား ဂရုစိုက်ပါ။

ရာသီသွေးမပေါ်ခင် နှင့် ပေါ်စရက်တွင် အနည်းငယ်မျှ ကိုက်ခဲနာကျင်မှုများရှိပါက ရေနွေးဖြင့် ရေချိုးခြင်း၊ ဝမ်းဗိုက်အားရေနွေးအိတ်ကပ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေပါသည်။

နာကျင်ကိုက်ခဲပါက သက်သာစေရန် ပါရာစီတမောကို သောက် နိုင်သည်။ နာကျင်မှုမှာ မည်သို့မျှ မသက်သာပါက နီးစပ်ရာကျန်းမာရေးစောင့်ရှောက်သူတစ်ဦးနှင့် တိုင်ပင်၍ ကုသမှုခံယူပါ။

အမျိုးသမီး လစဉ်သုံးပစ္စည်းများ

ရာသီသွေးပေါ်စဉ်တွင် သန့်သန့်ရှင်းရှင်းရှိစေရန်အတွက် အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်များကို အသုံးပြုနိုင်ပြီး ၊ သန့် ရှင်းစွာလျှော်ဖွတ်ထားသော အ၀တ်စကို အတွင်းခံဘောင်းဘီ နှင့်တွဲ၍ အသုံးပြုနိုင်သည်။ လိုအပ်သလို လဲလည်ပေးရမည်။ ဂွမ်းထုပ်ကို အသုံးပြုပြီးပါက စနစ်တကျ ထုပ်ပိုး၍စွန့် ပစ်ပါ။  နောက်တစ်ကြိမ် ပြန်လည်အသုံးပြုရန်အတွက် ဆပ်ပြာဖြင့်လျှော်ဖွပ်ပြီး စနစ်တကျ အခြောက်လှန်းရပါမည်။