ကလာမိုင်းဒီးယားသည်မည်သို့ကူးစက်ပါသနည်း။

သင်သည် ရောဂါပိုးရှိသောသူတစ်ဦးနှင့် ပါးစပ်၊ စအို (သို့မဟုတ်) မိန်းမကိုယ်မှ လိင်ဆက်ဆံခြင်းဖြင့် တိုက်ရိုက် ထိတွေ့မှုရှိလျှင် ကူးစက်ခံရနိုင်ပါသည်။ လိင်ဆက်ဆံစဉ် ထွက်သည့်အရည်များမထွက်လျှင်လည်း သင်ကူးစက် ခံရနိုင်ဆဲဖြစ်ပါသည်။ ကလာမိုင်းဒီးယားသည် ကူးစက်ရန်အလွန်လွယ်ကူသည့်အတွက် ရောဂါပိုးရှိသောမိခင်မှ ကလေးထံသို့ မီးဖွားစဉ်အတွင်းကူးစက်ခံရနိုင်ပါသည်။

ကြောက်ရွှံ့ကာ တစ်ဖက်သားအပေါ် သံသယလွန်ကဲမှုများမဖြစ်ပါနှင့်။ ကလာမိုင်းဒီးယားသည် သင့်ထံသို့ အမှတ်မထင်ကူးစက်လာနိုင်သည့် ရောဂါမျိုးမဟုတ်သလို အတူတူသောက်ခြင်း၊ စားခြင်း၊ နမ်းခြင်း၊ ဖက်ခြင်း၊ လက်တွဲခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အိမ်သာထိုင်ခုံများမှတစ်ဆင့် သာမန်ထိတွေ့မှုများဖြင့်လည်း မကူးစက် မပြန့်ပွားနိုင်ပါ။