“ကျား”ရုပ် ပိုင်းဆိုင်ရာပြောင်းလဲမှုများ

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးလာခြင်း

ခန္ဓာကိုယ် ရုတ်တရက်ထွားကြိုင်းလာပြီး၊ အရပ် ရှည်ထွက်လာခြင်း  ကြွက်သားများ ကြီးထွားလာခြင်း၊ အသံအိုးပိုမိုထင်ရှားလာပြီးအသံပြောင်းလဲလာခြင်း၊ တို့ဖြစ်ပေါ်လာပါသည်။

လိင်အင်္ဂါများ ကြီးထွားပြောင်းလဲလာခြင်း

လူပျို ဖော်ဝင်လာသည်နှင့် အမျှ လိင်တံသည် ပိုမို ကြီးထွားလာပြီး  ဝှေး စေ့အရွယ်အစားမှာလည်း ပိုမိုကြီးထွားလာကာ သုတ်ပိုးများ စတင်ထုတ်လုပ်လာနိုင်မည်။ တစ်ခါတစ်ရံတွင်  ဝှေး စေ့တစ်ဖက်သည် အခြားတစ်ဖက်ထက် ကြီးထွားနေတတ်သော်လည်း ပုံမှန်ပင်ဖြစ်၍ စိုးရိမ်ရန်မလိုပါ။  လိင်တံမာခြင်းသည် လိင်စိတ်ကြွလာချိန်တွင် ဖြစ်ပေါ်လာနိုင်ပါသည်။  ဝှေးစေ့များ အပြည့်အ၀ဖွံ.ဖြိုးကာ သုတ်ပိုးများ စတင်ထုတ်လုပ်လာနိုင်ပါသည်။များသောအားဖြင့်  မနက်အိပ်ယာထချိန်များတွင် လိင်တံတင်းမာခြင်းများ ဖြစ်ပေါ်တက်ပြီး ညအိပ်ပျော်နေစဉ်တွင်လည်းသုတ်ရည်ထွက်ခြင်းများ ဖြစ်လာတတ်ပါသည်။

အမွှေးအမျှင်များ ပေါက်လာခြင်း

လိင်အင်္ဂါတစ်ဝိုက်တွင်အမွှေးအမှင်များ စတင်ပေါက်လာကာ     လိင်တံအခြေပတ်လည်နှင့် စအိုဝတစ်ဝိုက်တို့အထိပေါက်လာပါသည်။ အမွှေးအမှင်များ တဖြည်းဖြည်း ပိုမိုများပြားပြီး ကြမ်းတမ်းလာကာ  လိမ်ကောက်လာကြသည်။ အမျိုးသားများတွင် ဆီးခုံတွင်သာမက ချက်အထိပါ အမွှေးပေါက်တတ်ကြသည်။ ချိုင်းမွှေးများ၊မုတ်ဆိပ်၊နှုတ်ခမ်းမွှေးများ ပေါက်လာ ကာ၊ ခြေလက်ရှိအမွှေးနုများလည်းပိုမိုကြမ်းတမ်းလာတတ်သည်။