လူမှုရေး မီဒီယာများ

လူမှုရေး မီဒီယာများမှာ ကျွန်ုပ်တို့၏ မိတ်ဆွေများနှင့် ထိတွေ့ ဆက်သွယ်နိုင်ပြီး ခံစားချက်များ၊ အတွေးများ၊ ရုပ်ပုံများကို မျှဝေနိုင်သော ပျော်ရွှင်ဖွယ်ရာ နည်းလမ်းဖြစ်သည်။ သင်သည် လူမှုရေး မီဒီယာများကို အသုံးပြုပါက ကိုယ်ရေးအချက်အလက် များ လုံခြုံရေးထိန်းသိမ်းသည့် နည်းလမ်းများကို သေချာစေရန် အစဉ်အမြဲ စစ်ဆေးရန် လိုသည်။ ဤနည်းဖြင့် သင်၏အချက် အလက်များကို မည်သူတို့ကိုသာ ကြည့်ရှုစေနိုင်မည်ကို ကန့်သတ်ထားနိုင်လိမ့်မည်။ ဥပမာ ဖေ့စ်ဘုတ်တွင် သင်၏ အချက်အလက်များကို မည်သူတို့ကိုသာ ကြည့်ရှုစေနိုင်မည်ကို ကန့်သတ်မထားပါက လုံးဝ မသိသူ လူစိမ်းတစ်ဦးက သင့် ဘ၀အကြောင်းများကို လေ့လာသိရှိနိုင်သည်။

ထို့အတူ သင်၏ ရုပ်ပုံကို အခြားသူများက ရိုက်ယူနိုင်ခွင့်ပြုမပြုကိုလည်း  စဉ်းစားရန် အရေးကြီးသည်။ ဥပမာ သင်၏ယောက်ျားလေးမိတ်ဆွေ သို့မဟုတ် မိန်းကလေးမိတ်ဆွေက သင်၏ လိင်နှိုးဆော်နိုင်သော အနေအထားဓါတ်ပုံများကို ရိုက်ယူခဲ့ပါက သင်နှင့် အဆက်ပြတ်ရသောအခါ လက်စားချေ သည့်အနေနှင့် ထိုပုံများကို အခြားသူများထံ ဖြန့်ဝေနိုင်သည်။ ခြိမ်းခြောက်နိုင်သည်။ ထို့ကြောင့် ဓါတ်ပုံရိုက် မခံမီ နှစ်ကြိမ်ပြန် စဉ်းစားပါ။

မီဒီယာတွင်မိမိ၏ပုံရိပ်ကို အသုံးပြု၍ မီဒီယာတွင်ဖေါ်ပြခြင်း၊ သိကာချခြင်း၊ ငွေညှစ်ခြိမ်းခြောက်ခြင်း ဖြစ်လာပါက မည်ကဲ့သို.ဆောင်ရွက်ရမည်နည်း။

လိင်စိတ်နိုးဆော်စေသည့် ပုံများ နှင့် လိင်ဆက်ဆံပုံများ လုံးဝ အရိုက်မခံသင့်ပါ။

အကယ်၍ လူမှုရေးမီဒီ ယာများ တွင်မိမိ၏ဓါတ်ပုံကို အလွဲသုံးစားလုပ်ပြီးဖော်ပြခံရပါက ဖေ့စ်ဘုတ်ရှိ POLICE MEDIA GROUP(PMG) သို့ message ပေးပို့ကာ တိုင်ကြားနိုင်သည်။