မူးယစ်ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲစေတတ်သောမူးယစ်ဆေးဝါးများ

မူးယစ်ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲစေတတ်သောမူးယစ်ဆေးဝါးများသည်ခန္ဓာကိုယ်၌အာနိသင်ချက်ချင်းပြနိုင်ပြီးသုံးစွဲသူ၏ အသိစိတ်ကိုေ၀၀ါးစေကာ အန္တရာယ်ရှိသည့် ကိစ္စများကို လွယ်ကူစွာလုပ်ဆောင်မိစေသည်။ (ဥပမာ- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် အိပ်ခ်ျအိုင်ဗွီနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများရရှိခြင်း။) ထိုဆေးဝါးများကို စတင်သုံးစွဲမိကထပ်မံသုံးစွဲလိုသည့်စွဲလမ်းမှုကိုဖြစ်စေပါသည်။စတင်သုံးစွဲကာစတွင်ခံစားမှုကောင်းသယောင်ရှိသော်လည်းမသုံးဘဲနေမိပါကဖြစ်ပေါ်လာသည့်ဆေးပြတ်လက္ခဏာများကိုမခံစားနိုင်သောကြောင့်ပြန်လည်သုံးစွဲကြရာမှဆေးစွဲသွားလေ့ရှိကြပါသည်။ ထိုဆေးဝါးများကို တစ်ခုထက်ပို၍ တွဲဖက်သုံးစွဲခြင်းသည် အန္တရာယ်ပိုကြီးပါသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲစေတတ်သောမူးယစ်ဆေးဝါးများကို လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ တောနေမြို့နေ၊ ကျားမ မရွေး အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲမိနိုင်ပါသည်။ပြဿနာများမှ လွတ်မြောက်လို၍၊ အပျင်းပြေလို၍၊ စမ်းသပ်အပေါင်းအသင်းဝင်ဆံ့လို၍၊မိတ်ဆွေသူငယ်ချင်းများမှဖိအားပေး၍၊အများ၏ှုကို၍ သည့်အကြောင်းရင်း များ ကြောင့် သုံးစွဲမိတတ်ကြပါ သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲစေတတ်သောဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း လုံးဝမပြုသင့်ပါ။၎င်းတို့ ကိုသုံးစွဲခြင်းဖြင့် ဆေးဝါး အပေါ်မှီခိုနေရခြင်း၊ ဆေးစွဲခြင်းစသည်တို့ကြောင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုးကျိုးများကို ခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဆေးစွဲသူများ ၊ဆေးပြတ်လက္ခဏာ ခံစားနေရသူများသည် စိတ်ကျန်းမာရေးဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် ကုသမှုခံယူသင့် ပါသည်။မိသားစု၊ မိတ်ဆွေများ၏ အကူအညီကိုရယူပြီး ဆေးဖြတ်ရန် ကြိုးစားသင့်ပါသည်။