တာဝန်ယူတတ်ခြင်း

တာဝန်ယူတတ်ခြင်းဆိုသည်မှာ အခြားသူက မိမိကို အားကိုးနိုင်ခြင်းဖြစ်သည်။ အမှား၊ အမှန်ခွဲခြားသိမြင်ပြီး မိမိတာဝန်ကျသော၊ မိမိကို စေခိုင်းထားသောအရာကို ပြီးဆုံးအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

            ဥပမာ   ။           ။ အိမ်မှ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ချိန်းဆိုထားပါက အချိန်တိကျစွာ သွားရောက်တွေ့ဆုံခြင်း၊ သဘောတူပါသည်ဟု ပြောပြီးပါက ပြီးဆုံးသည်အထိ ဆက်လက်လုပ်ပေးခြင်း၊ ပြုလုပ်ခွင့်ပေးခြင်းဖြစ်သည်။