၆လအောက်ကလေးငယ်အား မိခင်နို့ တမျိုးတည်းကိုသာ တိုက်ပြီး ရာသီထိန်စေခြင်းဖြင့် သားဆက်ခြားခြင်း

ကလေး(၆)လသားအရွယ်အထိ မိခင်နို့တမျိုးတည်းတိုက်ကျွေးခြင်းဖြင့် သားဥကြွေခြင်းကို ဟန့်တားနိုင်ပြီး ရာသီထိန်စေကာ သားဆက်ခြားနိုင်ပါသည်။

ကောင်းကျိုး

  • မိခင်နှင့်ကလေးအကြား နို့ တိုက်ကျွေးခြင်းကို အားပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေခြင်း
  • ကလေးမွေးပြီးပြီးခြင်း ချက်ချင်းအသုံးပြုနိုင်ခြင်း
  • လိင်ဆက်ဆံမှုကို မထိခိုက်ခြင်း
  • သားဆက်ခြားရန်နှင့် ကလေးအာဟာရအတွက် ငွေကြေးကုန်ကျမှုမရှိခြင်း
  • အခြားသားဆက်ခြား နည်းလမ်းများ သုံးရန်မလိုခြင်း
  • သုံးလခံထိုးဆေးနှင့် အခြားဟော်မုန်းပါသော သားဆက်ခြားဆေးများနည်းတူ အာနိသင်ရှိပါသည်။

နည်းလမ်းကို ဆက်လက်အသုံးမပြုနိုင်သော အခြေအနေများ

  • ကလေးသည် အသက်(၆)လ ကျော်သွားခြင်း
  • လစဉ်ရာသီသွေးပြန်ဆင်းခြင်း
  • ကလေးကို ဖြည့်စွက်စာ စကျွေးနေပြီးဖြစ်ခြင်း

အထက်ပါအခြေအနေများသို့ ရောက်လျင် အခြားသင့်တော်သော သားဆက်ခြားနည်းလမ်း တစ်ခုခုကို သုံးရမည်။