HIV ဗိုင်းရပ်စ်ပိုးပွားများမှုကိုထိန်းချုပ်ပေးသောကုထုံး (Anti-Retroviral Therapy - ART)

ART ဆိုသည်မှာ Antiretroviral therapy (ART) ဆိုသည်မှာ HIV ပိုးပွားများမှုကို ထိန်းချုပ် ထားပြီး ခုခံအားပြန်လည်ကောင်းမွန်လာစေသော ဆေးဝါးဖြစ်သည်။ ART သည် HIV ပိုးကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်သော ဆေး မဟုတ်သောကြောင့် တသက်တာလုံးသောက်ရမည့် ဆေးကုထုံးဖြစ်သည်။ ART ကုထုံးသည် HIV ကူးစက်ခံထားရသောသူများအား သက်ရှည် ကျန်းမာစေသည်။ ART သည် HIV ပိုးဆက်လက်၍ ကူးစက် ပြန့်ပွားခြင်း မှလည်း ကာကွယ်ပေးသည်။
ART ကုထုံးတွင် HIV ပိုးထိန်းဆေးအနည်းဆုံး(၃)မျိုး ပေါင်းစပ်ထား သည်။