ရာသီသွေးနှင့်ပက်သက်သောကျန်းမာရေးပြသနာများ

ရာသီသွေးမလာမီဖြစ်ပေါ်သော လက္ခဏာစု (PREMENSTRUAL SYNDROME - PMS)

  • အမျိုးသမီးအချို့တွင် လက္ခဏာအမျိုးမျိုး ခံစားရပါသည်။
  • ရာသီသွေးမပေါ်မီ ဖြစ်ပေါ်ပါသည်။
  • ရာသီမပေါ်မီ ၂ပတ်မှ ၂ ရက်အထိ အတွင်း အောက်ဖေါ်ပြပါ လက္ခဏာများ ခံစား ရတတ်သည်။

လက္ခဏာများ

- စိုးရိမ်မှု၊ ပူပန်မှု၊ ဒေါသထွက်လွယ်မှု၊ လေပွခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျခြင်း/စိတ်အတက်အကျမြန်ခြင်း၊ ပင်ပန်းနွမ်းလျမှု ဖြစ်ရသည့် အကြောင်းရင်းများကို အပြည့်အစုံ မသိရှိသေးပါ။

ကုသမှု

  • အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှု ပြောင်းလဲခြင်း

ရာသီလာစဉ်ကိုက်ခဲခြင်း (Dysmenorrhea)

များသောအားဖြင့် ပြင်းထန်မှုမရှိ ပဲ ရာသီ မလာခင်နှင့် ရာသီစပေါ်သောရက်တွင် ကိုက်တတ်သည်။ ရာသီဆင်းလျှင် ကောင်းသွားတတ်သည်။ ရာသီလာသည်. ရက်တိုင်းတွင် ကိုက်လျှင် ရောဂါကြောင့် ဖြစ်နိုင်သည်။ တတ်ကျွှမ်းသူနှင့် ပြပါ။

ကုသမှု

  • ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု
  • ဆရာဝန်ညွှန်ကြားချက် ပြစရာမလိုသော  အကိုက်အခဲပျောက်ဆေး သောက်လျှင် အထောက်အကူပြုနိုင် (အက်စ်ပရင်မှလွဲ၍)
  • ရေနွေးစိမ်ချိုးခြင်း/ရေနွေးအိတ်ကပ်ခြင်းသည် ကြွက်သားများကို ပြေလျော့စေပါသည်။

* ပြင်းထန်သော သို့မဟုတ် ရာသီလာသည်. ရက်တိုင်းတွင် ကိုက်ခဲမှုအတွက် ကျန်းမာရေးဝန်ထမ်းနှင့်ပြသရန်လိုအပ်ပါသည်။

ရာသီသွေးမပေါ်ခြင်း(Amenorrhea)

  • အသက် ၁၆ နှစ်မတိုင်အထိရောက်သည်.တိုင်အောင် ရာသီသွေးမပေါ်သေးခြင်း (သို့မဟုတ်) ယခင်က ရာသီသွေးပေါ်ခဲ့ပြီး ရာသီထိန်သွားပါကလည်း အခြား အကြောင်းရင်းများရှိတတ်သဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် တိုင်ပင်ပါ။

သွေးဆုံးခြင်း (Menopause)

  • သွေးဆုံးခြင်းသည် အမျိုးသမီးတစ်ယောက်၏ မျိုးဆက်ပွားနိုင်သည့် ကာလကုန်ဆုံးသွားခြင်းဖြစ်ပြီး အသက် ၄၅နှစ်နှင့် ၅၅ နှစ်ကြားတွင် ဖြစ်တတ်ပါသည်။
  • သွေးဆုံးသည့် အသက်အရွယ်သည် မျိုးရိုးလိုက် လေ့ရှိပါသည်
  • သွေးဆုံးချိန်တွင်  ဟော်မုန်းပြောင်းလဲမှုများကြောင့် ပြင်းထန်သော ခံစားချက်များနှင့် ပူလိုက်အေးလိုက်ဖြစ်ခြင်းများဖြစ်ကာ များစွာ မသက်မသာဖြစ်နိုင်ပါသည်။