မတော်တဆကိုယ်ဝန်ရလျှင် မည်ကဲ့သို့ သိရှိနိုင်မည်နည်း။

အမျိုးသားနှင်လိင်ဆက်ဆံခဲ့ပြီးနောက်ပိုင်းရာသီပေါ်မည့်ရက်တွင် ရာသီမပေါ်ဘဲဖြစ်နေပါက ကျွန်မကိုယ်ဝန်ရှိနေပြီလားပာု သံသယ ၀င်နိုင်ရာရှိပါသည်။ ကိုယ်ဝန်ရှိကာစ အမျိုးသမီးများအနေဖြင့် ပထမဦီးဆုံးကိုယ်ခန္ဓာ ပြောင်းလဲမှုများ  ဖြစ်နိုင်ပါသည်။ယင်းတို့မှာ -

  • ရာသီသွေးထိန်ခြင်း
  • သားမြတ်ပြည့်တင်းလာခြင်း
  • နို့သီးခေါင်းမဲနက်လာခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • မောပန်းခြင်း၊
  • Morning sickness (ဗိုက်ကြီးနာစွဲခြင်း)

ရာသီထိန်ပြီး ယင်းလက္ခဏာအချို့ပါတွေ့ရှိရပါက ကိုယ်ဝန်ရှိ၊မရှိ စမ်းသ်ရန်လိုပါသည်။ ကိုယ်ဝန်ရှိ၊မရှိ စမ်းသပ်ရန်ပစ္စည်း  (Test Kit) ကို နီးစပ်ရာဆေးခန်းတွင် ၀ယ်ယူနိုင်ပါသည်။

ကိုယ်ဝန်ရှိ၊မရှိ ဆီးစစ်နည်း (Urine Pregnancy Test)

-မည်သည့်အချိန်တွင်မဆိုခံယူသောဆီးကို စစ်ဆေးနိုင်သည်။ ဆီးကို သန်.စင်ခြောက်သွေ.သော ခွက်ဖြင့်ခံယူပါ။

-ဆီးတွင်သွေးပါလျှင်၊ နောက်နေလျှင် အနည်ထိုင်စေပြီး ကြည်လင်သော ဆီးကိုသာ စမ်းပါ။ ဆီးသည်ပူနွေးလျှင် ခေတ္တ အအေးခံပါ။

ရေခဲသေတ္တာထဲသိမ်းသောTest kit ဖြစ်လျှင်ဆီးထဲမထည့်မီ အအေးလျှော့ရန် အခန်းအပူချိန်တွင် ခေတထားပါ။

Test kit ကိုအပြာရောင်အဖျားပိုင်းကကိုင်ပြီး တခြားအပိုင်းကို ဆီးထဲသို့နှစ်ပါ။ (၃) စက္ကန်ကြာနှ်ပြီးလျှင် ထုတ်ယူကာညီသော စားပွဲပေါ်တွင် လှဲတင်ထားပါ။ အချိန်ကြာအောင် ဆီးခွက်အတွင်း နှမထားရ။

ခရမ်းရောင်အဖြေမျဉ်းသည် ၅မိနစ်အတွင်း Test kit ၏   အလယ်ပိုင်း အဖြူရောင်ကွက်လပ်၌ ပေါ်လာမည်။ မျဉ်းတကြောင်း ပေါ်ပါက ကိုယ်ဝန်မရှိပါ။  နှစ်ကြောင်းပေါ်ပါက ကိုယ်ဝန်ရှိကြောင်း သိရှိနိုင်ပါသည်