ဆီးထွက်ပြွန်မှ အရည်ကျခြင်း/နာကျင်ခြင်း
အောက်ပါတို့ကို ကြည့်ပါ။
- သင့်လိင်တံထိပ်ဝမှ အရည်ကျခြင်း
- လိင်တံထိပ်အရေပြားအောက်မှ အရည်ကျခြင်း
အရည်များကို မမြင်တွေ့ရပါက လိင်တံကို အသာအယာညှစ်ကာ ထိပ်သို့ တွန်းလိုက်ပါ။
မှတ်သားရန် -လိင်တံထိပ် အရေပြားအောက်တွင် အဖြူ/မီးခိုးရောင် အဖတ်လေးများ (smegma ဟုခေါ်) သည် ပုံမှန်ဖြစ်ပါသည်။
အခြား STI ရောဂါလက္ခဏာစု၏ လက္ခဏာများ
အောက်ပါတို့ ရှိ၊ မရှိ ကြည့်ပါ -
_ လိင်အင်္ဂါအနာ
_ ပေါင်ခြံမှ အကျိတ်
_ ကပ္ပါယ်အိတ်ရောင်ခြင်း/နာခြင်း
ဤသည်မှာ ခန္ဓာကိုယ်တွင်းမှ ဆီးများအား အပြင်သို့ သယ်ပေးသော ဆီးထွက်ပြွန် ပိုးဝင်ခြင်းဖြစ်နိုင်ပါသည်။ ဤရောဂါပိုးဝင်ခြင်းမှာ ကွန်ဒုံးမပါဘဲ သို့မဟုတ် ကွန်ဒုံးကို စနစ်တကျ မသုံးဘဲ လိင်ဆက်ဆံသောကြောင့် ဖြစ်နိုင်ပါသည်။
သင်ဘာလုပ်နိုင်သနည်း။
ရောဂါသတ်မှတ်ရန် နှင့် ကုသမှု ရရှိရန်အတွက် ဆေးကုသစောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပါ။
အမျိုးသားဆီးလမ်းကြောင်းမှ ဆီးပူညောင်းကျခြင်း/ ပြည်ဆင်းခြင်း