သင့်တွင် အောက်ပါတို့ဖြစ်နေပါက -
- ပေါင်ခြံအကျိတ်
- ပေါင်ခြံအကျိတ်တွင် ရောဂါပိုးဝင်သည့်လက္ခဏာများ
- ပူနေခြင်း
- နီနေခြင်း (အသားဖြူသူများတွင်)
- နာနေခြင်း
- ကိုင်ကြည့်လျှင် အထဲတွင် အရည်ရှိနေသကဲသို့ ခံစားရခြင်း
- လိင်အင်္ဂါအနာများ
၁။ ဘာဖြစ်နိုင်သနည်း။
လင့်ပ်အကျိတ်များတွင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါသည်။ လင့်ပ်အကျိတ်များသည် ပေါင်ခြံအပါအ၀င် ခန္ဓာကိုယ်၏ နေရာအများအပြား (ဥပမာ - လည်ပင်း၊ ဂျိုင်း) တွင် ရှိပါသည်။ လင့်ပ်အကျိတ်များသည် သွေးထဲမှ ရောဂါပိုးများနှင့် ဆဲလ်အသေများကို “စစ်ထုတ်ပေး” ပါသည်။
၂။ သင်ဘာလုပ်နိုင်မည်နည်း။
ရောဂါသတ်မှတ်ရန် နှင့် ကုသမှု ရရှိရန်အတွက် ဆေးကုသစောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူပါ။
ကာလသားရောဂါပိုးကြောင့် ပေါင်ခြံအကျိတ်ယောင်ရမ်းခြင်း