သားဥကြွေသောရက် (ကိုယ်ဝန်ရနိုင်သောရက်) ကိုတွက်နိုင်ပါသည်။ ရာသီလာချိန်မှန်သည့်အမျိုးသမီးများတွင် ရာသီမလာခင် (၁) ပတ်နှင့် ရာသီလာပြီး (၁) ပတ်သည် စိတ်ချရသော ရက်များ ဖြစ်ပါသည်။ ကြား (၂) ပတ်သည် သားဥကြွေသော ရက်များဖြစ်သဖြင့် ထိုရက်များတွင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ သို့မဟုတ် ထိုရက်များတွင် အခြားနည်းလမ်းတစ်ခုခု သုံးရမည်။
ရာသီလာချိန်မှန်သည့် အမျိုးသမီးများသာ ဤနည်းလမ်းကို ထိရောက်စွာသုံးနိုင်သည်။
ကောင်းကျိုးများ
- ကုန်ကျစရိတ်မရှိပါ။
- ဆေးဝါးပစ္စည်းမလိုအပ်ပါ။
- ဘေးထွက်ဆိုးကျိုး မရှိပါ။
မကောင်းကျိုးများ
- လိင်မှကူးစက်နိုင်သော ရောဂါများကို မကာကွယ်နိုင်ပါ။
- ရာသီလာချိန်မမှန်သည့် အမျိုးသမီးများအဖို့ ကိုယ်ဝန် ရသွားနိုင်ပါသည်။အမျိုးသမီး (၁၀၀) ဤနည်းလမ်းကို တစ်နှစ်သုံးလျှင် (၂၅) ဦးခန့် ကိုယ်ဝန်ရနိုင်ပါသည်။
- နှစ်ဦးလုံး သဘောတူဆောင်ရွက်ရမည်။