သုံးလခံထိုးဆေး (အသားဆေးနှင့် အရေပြားအောက်ထိုးဆေး) - ဒီပို ပရိုဗီရာ
ပရိုဂျက်စတီရုန်း ဟော်မုန်းတစ်မျိုးသာ ပါဝင်သည်။ ဒီပို (DMPA) ပါသောဆေးသည် (၃) လခံသည်။လစဉ်သုံးထိုးဆေးများ၊ နှစ်လခံထိုးဆေးများရှိသေးသော်လည်း သုံးလခံထိုးဆေးလောက် ထိရောက်မှု မရှိပါ။ သားဥအိမ်မှ သားဥကြွေခြင်း ကိုကာကွယ်ခြင်းအားဖြင့် ကိုယ်ဝန်ရရှိစေမှုမှ ကာကွယ်ပါသည်။
အသုံးပြုပုံ
- အသားဆေး (သို့မဟုတ်) အရေပြားအောက်တွင် ဆေးထိုးပေးရသည်။
- ရာသီစလာပြီး (၅) ရက်အတွင်း ထိုးနိုင်သည် ။ (၅) ရက်ကျော်ပါက ကွန်ဒုံးကို (၇) ရက်တွဲကာသုံးစွဲပါ။
- ဆေးစထိုးပြီး တစ်နှစ်ကြာသည့်အခါ အသုံးပြုသူအများစုမှာ ရာသီမလာဘဲ ရှိနေတတ်သည်။
- နို့တိုက်ကျွေးသောမိခင်များသည် ကလေးအသက် ခြောက်ပတ်ကျော်လျှင် စတင်အသုံးပြုနိုင်ပါသည်။
ကောင်းကျိုးများ
- အန္တရာယ်ကင်းပြီးထိရောက်ပါသည်။ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှာ ထိုးပေးနိုင်ပါသည်။
- နေ့စဉ်ဆေးသောက်ရန်မေ့တတ်သော အမျိုးသမီးများ၊ ဆေးလိပ်သောက်သူများနှင့် အသက် (၃၅)နှစ်ကျော်သူများ အတွက် သင့်တော်သော နည်းလမ်းဖြစ်သည်။
- သားဆက်ခြားဆေး ထိုးထားသည်ကို မည်သူမျှမသိနိုင်ပါ။
- လိင်ဆက်ဆံမှုကို အနှောက်အယှက်မဖြစ်ပါ။
- သွေးအားနည်းခြင်းမှလည်း ကာကွယ်ပါသည်။
- ၉၉.၇% ထိရောက်သည်။
မကောင်းကျိုးများ
- ဆေးထိုးရပ်ပြီးနောက် ကိုယ်ဝန်ပြန်ရလိုလျှင် လအနည်းငယ်စောင့်ရပါမည်။
- အသုံးပြုသူမှာ ရာသီမမှန်ခြင်းနှင့် တစ်စက်တစ်စက်လာခြင်း၊ ရာသီသွေးဆင်းမှုနည်းပြီး ရာသီထိန်ခြင်းတို့ ဖြစ်နိုင်သည်။
- အချို့အမျိုးသမီးများတွင် ကိုယ်အလေးချိန်တက်ခြင်း အပါအဝင် ဘေးထွက်အာနိသင်များ ခံစားရနိုင်သည်။