လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်ဆံခြင်း။
သူငယ်ချင်းရွေးချယ်ခြင်း
(၁) သူငယ်ချင်းအဖြစ် သတ်မှတ်မည့်သူတွင် ရှိသင့်သော အရည်အချင်းများ၊ စိတ်ဝင်စားမှုများနှင့် တန်ဖိုးထားမှုများကို စဉ်းစားပါ။
(၂) သူငယ်ချင်းဖြစ်လာနိုင်ခြေရှိသူ၏ အားသာချက်၊ အားနည်းချက်များကိုလေ့လာပါ။
(၃) မိမိ၏အရည်အချင်းများ၊ စိတ်ဝင်စားမှုများ၊ တန်ဖိုးထားမှုများနှင့် သူငယ်ချင်းဖြစ်လာနိုင်ခြေရှိသူ၏ စရိုက်လက္ခဏာ များကိုကိုက်ညီမှုရှိ၊ မရှိနှိုင်းယှဉ်ကြည့်ပါ။
(၄) မိမိ၏တန်ဖိုးထားမှုများကို ဆန့်ကျင်ပြုလုပ်နေသူ၊ ပေါင်းသင်းဆက်ဆံရေးအပေါ်တွင် မျှတမှုမရှိသူများကို ရှောင်ရှားပါ။