အမေးများသော မေးခွန်းများ

Q: လူများသည် အဘယ်ကြောင့် မူးယစ်ဆေးကို စတင်သုံးစွဲကြသနည်း။

A: လူများသည် သူတို့၏ ဘ၀တွင် တစ်စုံတစ်ခုကို ပြောင်းလဲလို သောကြောင့် မူးယစ်ဆေးကို သုံးစွဲကြပါသည်။

လူငယ်များမှ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအတွက် ပေးသော အကြောင်းပြချက်အချို့မှာ

  • အပေါင်းအသင်းဆန့်ရန်/ သူငယ်ချင်းများမှ ဖိအားပေးမှု
  • ထွက်ပြေးလွတ်မြောက်ရန် သို့မဟုတ် အပမ်းဖြေရန်
  • ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်
  • အရွယ်ရောက်သူတစ်ဦး ပုံဖမ်းရန်
  • ပုန်ကန်ရန်
  • စမ်းသပ်ကြည့်ရန်

လူများ မူးယစ်ဆေးစွဲရခြင်းအတွက် အခြားအကြောင်းများမှာ -

  • ပတ်ဝန်းကျင်ကြောင့် (မိသားစုများနှင့် မိဘများ၏ ဆုံးမသွန်သင်တတ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုအား လက်လှမ်းမီမှု၊ ကျောင်းနေခြင်း၊ ဥပဒေများ၊ ရပ်ရွာနှင့် လူမှုအဖွဲ့အစည်း၏ စံသတ်မှတ်ချက်များ၊ ရုပ်ပတ်ဝန်းကျင်၊ စသည်)
  • အရက်နှင့် မူးယစ်ဆေးများ အလွယ်တကူ ရနိုင်ခြင်း
  • ပင်ကိုစရိုက်နှင့် မျိုးရိုး

ဆရာဝန်ညွှန်သော ဆေးများကို ကာလရှည်ကြာ သောက်သုံးရန် လိုအပ်သည့် နာတာရှည် ကျန်းမာရေးအခြေအနေများ (ဥပမာ- အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ စသည်)

 

Q: မည်သည့်ဆေးများအား အများဆုံးအလွဲသုံးကြပါသနည်း။

A: လူများအလွဲသုံးလေ့ရှိသော ဆေးများတွင် ဘိန်းပါသော ဆေးများ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ အင်ဖက်တမင်း အမျိုး အစား စိတ်ကြွဆေးများ၊ ဆရာဝန်ညွှန်သော စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ စသည်တို့ ပါဝင်ပါသည်။  မြန်မာနိုင်ငံတွင် အလွဲသုံးမှုအများဆုံးဆေးဝါးများကို ဤဆော့ဖ်ဝဲလ်တွင် ဖော်ပြထားပါသည်။ ထပ်မံသိလိုသည်များရှိပါက Commonly Abused Drugs တွင် အလွဲသုံးသော ဆေးများ၏ အရပ်အခေါ်နှင့် ဈေးကွက်ထဲမှ အမည်များ၊ ယင်းတို့၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဇယားဖြင့် ဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။ သို့မဟုတ် www.unodc.org  တွင် UNODC ၀က်ဆိုက်သို့ ၀င်ရောက်ကာ ကမ္ဘာ့ဆေးဝါးများ အစီရင်ခံစာ https://www.unodc.org/documents/wdr2015/World_Drug_Report_2015.pdf)  နှင့် https://www.unodc.org/documents/data-and-analysis/WDR2011/Youth_tables_complete_WDR2011.pdf တို့အား ကြည့်ပါ။

 

Q: ဆးစွဲခြင်း ဆိုသည်မှာ အဘယ်နည်း။

A: ဆးစွဲခြင်း ဆိုသည်မှာ အကြောင်းအချက်များစွာ ပါဝင်သော ကျန်းမာရေးဖောက်ပြန်မှုတစ်ခုအဖြစ် ယူဆပြီး မကြာခဏဆိုသလို ရောဂါပြန်ဖြစ်လိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်သည့် နာတာရှည်ရောဂါဖြစ်ပြီး ဆေးသုံးစွဲမှုကို ရပ်လိုက်ပါက ယင်းထခြင်းကို ဖြစ်စေနိုင်ပါသည်။ ကံဆိုးသည့်အချက်မှာ လူမှုအသိုင်းအ၀ိုင်းအတော်များများတွင် ဆေးစွဲခြင်းအား ကျန်းမာရေးပြဿနာတစ်ခုအဖြစ် အသိအမှတ်မပြုသေးဘဲ ဆေးစွဲဝေဒနာခံစားရသူများအား ပြစ်တင်ကဲ့ရဲ့ဝိုင်းပယ်ကာ ထိုသူများမှာ ဆေးကုသမှုနှင့် ပြန်လည်ထူထောင်မှုများကို လက်လှမ်းမီအသုံးပြုနိုင်ခြင်း မရှိကြပါ။ မကြာသေးမီနှစ်များအတွင်းက ဇီဝဗေဒ၊ စိတ်ပိုင်းနှင့်လူမှုရေးဆိုင်ရာ မော်ဒယ်ပုံစံ (biopsychosocial model)  မှ ဆေးစွဲခြင်းအား အကြောင်းအချက်များစွာ ပေါင်းစုံကာ ဖြစ်ပြီး ဘာသာရပ် အများအပြားမှ ကျွမ်းကျင်မှုများ လိုအပ်သည့် ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ဖြေရှင်းပေးရန်အတွက် ပါသည်။    ကျန်းမာရေးရာ သိပ္ပံပညာရပ်မျိုးစုံဖြင့် ချည်းကပ်ဆောင်ရွက်သည့် နည်းလမ်းအား သုတေသနပြုမှု၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများတွင် အသုံးပြုနိုင်ပါသည်။  (UNODC-WHO အခြေခံမူဝါဒများ)

ဆေးစွဲခြင်းသည် ကြိုတင်ကာကွယ်၍ရသော၊ ကုသ၍ရသော ရောဂါတစ်မျိုးဖြစ်ပြီး ထိရောက်သော ကာကွယ်မှုနှင့် ကုသမှုများ ရရှိနိုင်ပါသည်။ 

 

Q: ကျွန်ုပ်သည် မည်မျှမြန်မြန် ဆေးစွဲသွားနိုင်ပါသနည်း။

A: အမေးများသော ဤမေးခွန်းအတွက် လွယ်ကူသော အဖြေ မရှိပါ။ ဆေးတစ်ခုအား စွဲသွားမည်လားနှင့် မည်မျှမြန်မြန်စွဲနိုင်မည်ဆိုသည်တို့သည် သင်၏ ခန္ဓာကိုယ်ဇီဝဗေဒ (ဥပမာ သင်၏ မျိုးဗီဇ)၊ အသက်အရွယ်၊ ကျားမ၊ ပတ်ဝန်းကျင်နှင့် ထိုအချက်များကြား အပြန်အလှန်တုံ့ပြန်သက်ရောက်မှုများ အပါ အ၀င် အကြောင်းအချက်ပေါင်းများစွာပေါ်တွင် မူတည်နေပါသည်။ လူတစ်ဦးနှင့်တစ်ဦးကြား ဆေးအမျိုးမျိုးကို တုံ့ပြန်မှုနှင့် ဆေးစွဲ လွယ်မှုများသည် များစွာ ကွာခြားလှပါသည်။ လူတစ်ဦးသည် ဆေးတစ်မျိုးအား တစ်ကြိမ် သို့မဟုတ် အကြိမ်များစွာ သုံးစွဲပြီး ကျန်းမာရေးကိုထိခိုက်စေသော မည်သည့် သက်ရောက်မှုမျှ မရှိသော်လည်း အခြားသူတစ်ဦမှာမူ ပထမတစ်ကြိမ်သုံးစွဲမှုတွင်ပင် ဆေးလွန်သွားနိုင်ခြင်း သို့မဟုတ် အကြိမ်အနည်းငယ် သုံးစွဲမိရုံဖြင့် ဆေးစွဲသွားခြင်းတို့ ဖြစ်နိုင်ပါသည်။ သင်သည် မည်မျှ မြန်ဆန်စွာ ဆေးစွဲသွားနိုင်သည်ဆိုသည်ကို ကြိုတင်သိရှိဖို့ မဖြစ်နိုင်ပါ။ သို့သော် ခန့်မှန်းနိုင်တာအချို့တော့ ရှိပါသည်။ အရေးကြီးသော အချက်တစ်ချက်မှာ သင့်မိသားစုတွင် ဆေစွဲဖူးသည့် ရာဇ၀င် ရှိမရှိဟူသော အချက်ပင်။ 

 

Q: တစ်စုံတစ်ယောက် ဆေးစွဲနေပြီဆိုသည်ကို ကျွန်ုပ် မည်သို့ သိရှိနိုင်မည်နည်း။

A: လူတစ်ယောက်သည် အလုပ်ပြုတ်ခြင်း၊ ကြွေးတင်ခြင်း၊ မိသားစုပြဿနာများ သို့မဟုတ် မူးယစ်ဆေးအလွဲသုံးမှုကြောင့် ဖြစ်ပေါ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စသည့် ဆိုးကျိုးသက်ရောက်မှုများ ရှိနေသည့်တိုင် ဆေး (များ) ကို ပြင်းပြစွာ ရှာဖွေ အသုံးပြုနေပါက ၎င်းသည် ဆေးစွဲနေခြင်း ဖြစ်နိုင်ပါသည်။ ထို့ပြင် ဆေးစွဲသူများသည် အချိန်မရွေး ရပ်တန့်နိုင်လိမ့်မည်ဟု ယုံကြည်တတ်ကြသော်လည်း များသောအားဖြင့် ထိုသို့ မလုပ်နိုင်ကြပါ။ ထို့ကြောင့် ဦးစွာ သူတို့ အမှန်တကယ် ဆေးစွဲနေသလားဆိုသည်ကို ဆုံဖြတ်ရန်နှင့် ကုသမှုရရှိရန် ကျွမ်းကျင်သော စောင့်ရှောက်မှုများ လိုအပ်ပါသည်။ ဆေးကုသမှုရရှိရန်နှင့် ဆေးကုသမှုခံယူပြီးနောက် ဆေးကို ဆက်လက်ရှောင်သွားနိုင်ရန်အတွက် မိတ်ဆွေနှင့် မိသားစုများ၏ ပံ့ပိုးကူညီမှုသည် အလွန်အရေးကြီးပါသည်။ 

 

Q: ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် မူးယစ်ဆေးဝါးအလွဲသုံးပါက သန္ဓေသားအား ထိခိုက်နိုင်ပါသလား။

A: အရက်၊ နီကိုတင်းနှင့် အခြားသော မူးယစ်ဆေးဝါးအပါအ၀င် ဆေးဝါးပစ္စည်းအများအပြားသည် အချင်းကို ဖြတ်ကာ သန္ဓေသား ထံသို့ ရောက်ရှိသွားနိုင်သည့်အတွက် ကြီးထွားဖွံ့ဖြိုးနေသော သန္ဓေသားအတွက် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ ဥပမာ နီကိုတင်းသည် လမစေ့မွေးခြင်းနှင့် ဆက်စပ်နေပြီး ကိုကင်း သုံးစွဲခြင်းသည် ပေါင်မပြည့်သော ကလေးများကို မွေးစေပါသည်။ ဘိန်းဖြူသည် မွေးကင်းစကလေးတွင် ဆေးစွဲမှုကို ဖြစ်ပေါ်စေ နိုင်ပြီး ယင်းထသည့် လက္ခဏာများအတွက် ကုသမှုပေးရန် လိုအပ်ပါသည်။  မကြာခဏဆိုသလို ကိုယ်ဝန်ဆောင်စဉ်အတွင်း မူးယစ်ဆေးအလွဲသုံးနှင့် စပ်လျဉ်းသော အကြောင်းအချက်များပေါင်းဆုံမှုကို တစ်ခုချင်းစီခွဲထုတ်ရန် ခက်ခဲပါသည်။ အာဟာရချို့တဲ့ခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုံလောက်စွာ မရခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်ရောဂါဖြစ်ပွားမှုများအားလုံးသည် သန္ဓေ၏ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်စေနိုင်ပါသည်။ 

 

Q: ဆးစွဲခြင်းအတွက် ထိရောက်သော ကုသမှုများ ရှိပါသလား။

A: ဆးစွဲခြင်းအား အပြုအမူဆိုင်ရာကုထုံးများဖြင့် ထိရောက်စွာ ကုသနိုင်ပြီး ဘိန်းဖြူ၊ နီကိုတင်း သို့မဟုတ် အရက်များအတွက် ဆေးပေးခြင်းဖြင့် ကုသနိုင်ပါသည်။ ကုသမှုများသည် သုံးစွဲသည့် မူးယစ်ဆေးဝါး အမျိုးအစား(များ) ပေါ်မူတည်ကာ လူတစ်ဦးနှင့် တစ်ဦး မတူညီကြပါ။ အောင်မြင်စွာ ကုသနိုင်ရန်အတွက် ကုသမှုဖြစ်စဉ် တစ်ခုထက်မက လိုအပ်နိုင်ပါသည်။   

လိုအပ်ချက်အမျိုးမျိုးအား တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ ကုသချက်အမျိုးမျိုးပါဝင်သည့် ပညာ ရပ်ပေါင်းစုံဖြင့် ချည်းကပ်ဆောင်ရွက်မှုနည်းလမ်းသည် အကောင်း ဆုံးရလဒ်များကို ရရှိစေပါသည်။ သက်သေအထောက် အထားကို အခြေခံသော ဆေးကုသမှုပေးရန်အတွက် လိုအပ် ချက်များကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်ပင် ယင်းအတွက် ကုန်ကျစရိတ် သည် ဆေးစွဲမှုကို မကုဘဲထားခြင်းကြောင့် သွယ်ဝိုက်ကုန်ကျ စရိတ်များ (အကျဉ်းထောင်များ၊ အလုပ်လက်မဲ့ ပြဿနာ၊ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကျန်းမာရေး အကျိုးဆက်များ) ထက် များစွာ ပိုမိုနည်းပါးပါသည်။ သုတေသနပြုလေ့လာမှုများမှ ညွှန်ပြနေသည်မှာ ဆေးကုသပေးရန်အတွက် သုံးစွဲမှုများသည် ရာဇ၀တ်မှုကျူးလွန်ခြင်းခံရသူများအရေအတွက် လျော့ကျ သွားခြင်းနှင့် ရာဇ၀တ်မှုစစ်ဆေးစီရင်ရေးစနစ်များအတွက် သုံးစွဲရမှုများ လျော့နည်းသွားသည့်အတွက် စုဆောင်းမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အနိမ့်ဆုံးအနေဖြင့် စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံသုံးစွဲမှုအချိုးသည် ၃း၁ ရှိပြီး ရာဇ၀တ်မှု၊ ကျန်းမာရေး နှင့် လူမှုရေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုများကို ထည့်သွင်းကာ ပိုမို ကျယ်ပြန့်စွာ ကုန်ကျစရိတ်များ တွက်ချက်ပါက ထိုအချိုးသည် ၁၃း၁ အထိ တိုးမြင့်သွားပါသည်။ ထိုစုဆောင်းမှုများသည် ပညာ ရေး၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးများအတွက် အခွင့်အလမ်း များကို လျော့ပါးစေသော အားနည်းချို့ငှဲ့နေသည့် အခြေအနေ များကို တိုးတက်ကောင်းမွန်လာစေနိုင်ပြီး မိသားစုများအတွက် လည်း စီးပွားရေး နာလန်ပြန်ထူလာနိုင်ခြေ တိုးပွားလာစေ သောကြောင့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုပါသည်။ ရာဇ၀တ်မှုစီရင်ဆုံးဖြတ်သည့်စနစ်အတွင်းမှ လူများအတွက် ဆေးစွဲမှု၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ်များ ပိုမိုကြီးမားပါသည်။ အကျဉ်းထောင်အတွင်း မူးယစ်ဆေးသုံးစွဲသည့် အပြုအမူများတွင် ပိုမို အန္တရာယ်ကြီးသည် ပုံစံများကို တွေ့ရှိရပြီး HIV နှင့်အသည်းရောင်အသားဝါပိုးများ ကဲ့သို့ ကူစက်ရောက်ဂါများ ကပ်ငြိနိုင်သည့် အန္တရာယ်များ တိုးပွား လာပါသည်။ အကျဉ်းချခြင်းကြောင့်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို လျှော့မတွက်သင့်ပါသည်။

၁။ အလွဲသုံးမှု ပြဿနာများအတွက် ဆေးကုသမှုစနစ်တွင် အောက်ပါတို့အပါအ၀င် ၀န်ဆောင်မှုအစိတ်အပိုင်းပေါင်းစုံ ပါဝင်ပါသည်-

  • တစ်ဦးချင်းနှင့် အုပ်စုလိုက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
  • ဆေးရုံတင်ကုသမှု
  • အထူးကြပ်မတ်ပြင်ပလူနာကုသပေးမှု
  • တစ်စိတ်တစ်ပိုင်းဆေးရုံတက်ရောက်ကုသမှု အစီအစဉ်များ
  • လူနာအား ကုသစောင့်ရှောက်မှု (case management) သို့မဟုတ် ကုသစောင့်ရှောက်မှုများအား လူနာတစ်ဦးချင်းနှင့်ကိုက်ညီအောင် ပြုလုပ်ပေးသည့် care management
  • ဆေးပေးခြင်း
  • ပြန်လည်နာလန်ထူလာရန် ကူညီပံ့ပိုးပေးသည့် ၀န်ဆောင်မှုများ
  • အဆင့် ၁၂ ဆင့် ပါ အဖွဲ့ဝင်ဖြစ်ခွင့်
  • ဘ၀တူချင်း ကူညီပံ့ပိုးမှု
  • သက်သေအထောက်အထားကို ခိုင်လုံသော လုပ်ဆောင်မှုများ ရင်းနှီးမြှုပ်နှံခြင်း 

၂။ လူတစ်ဦးအား အလုံးစုံကုသပေးရန် ရည်ရွယ်သည့် ပြည့်စုံသော ဆေးကုသမှုစနစ်သည် သက်သေအထောက် အထားကို အခြေခံသော ပေါင်းစည်းထားသည့် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်ပါသည်။ ထိုအထဲတွင် အားစိုက်မှု အတိုင်းအတာ အမျိုးမျိုးရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ပြီး ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဆေးဖြတ်ရန်မလိုဘဲ ၀န်ဆောင်မှုများ ရယူနိုင်သည့် အစီအစဉ်များ (low-threshold) နှင့် လတ်တလော(ရေတို) ဆောင်ရွက်ချက်များ မှ ရေရှည်အတွက် ပုံစံချထားသော ဆေးကုသမှုများအထိ ပါဝင်ပါသည်။

၃။ ဆေးကုသမှုလုပ်ဆောင်ချက်များ၏ အချိန်ကာလအား လူတစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်တွင် မူတည်ဆုံးဖြတ်ကာ ဆေးကုသမှုကာလအတွင် ကြိုတင်ချမှတ်ထားသော သတ်မှတ်ချက် မရှိပါ။  

၎။ ၀န်ဆောင်မှုများ ပေးရန်အတွက် အထောက်အထားအခြေခံသော လုပ်ဆောင်ချက်များအတွက် လုံလောက်စွာ လေ့ကျင့်သင်တန်းပေးထားသော ပညာရပ်ပေါင်းစုံပါဝင်သည့် ၀န်ထမ်းများအဖွဲ့ကို  တတ်နိုင်သမျှ ခန့်အပ်တာဝန်ပေးရပါမည်။

၅။  အဆိပ်အတောက်ဖယ်ရှားခြင်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများပါဝင်သည့် ဘိန်းစွဲသူများအတွက် အစားထိုးကုထုံး၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့်လူမှုရေး ပံ့ပိုးကူညီမှုများအပါအ၀င် အခြေခံဝန်ဆောင်မှုများကို ရရှိစေခြင်း

၆။ ကိုယ်ကာယပိုင်းနှင့် စိတ်ရောဂါဆိုင်ရာ ချို့ယွင်းချက်များ တစ်ပြိုင်တည်းခံစားနေရသည့် လူများ အပါအ၀င် ပိုမို ရှုပ်ထွေး သော လူနာများသည် လုံလောက်သော စောင့်ရှောက်မှုများကို လိုအပ်ပြီး အထူးပြုဝန်ဆောင်မှုများထံ လွှဲပြောင်းညွှန်းပို့ပေး ခြင်းဖြင့် ရရှိနိုင်ပါသည်။  

၇။ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များသည် ပြင်ပလူနာအနေဖြင့်သော်လည်းကောင်း၊ ဆေးရုံတင်၍သော် လည်းကောင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်မဖြစ်အောင် ကာကွယ်မှုများတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် သိမူ အပြုအမူ ကုထုံး၊ စိတ်အားတက်ကြွစေသော တွေ့ဆုံမေးမြန်းမှုများနှင့် အတုယူ ဆုပေး စီမံခန့်ခွဲမှု၊ အလုပ်အကိုင်နှင့် သက်မွေးမှုသင်တန်များ၊ နှစ်သိမ့်ဆွေးနွေးပညာပေးမှုနှင့် ဥပဒေအကြံဥာဏ်များ ပါဝင်ပါသည်။  

၈။ ဆောင်ရွက်ချက်များသည် သက်ဆိုင်ရာ လူမှုယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ကမ္ဘာ့ဒေသကြီးများအားလုံးတွင် ဆောင်ရွက်နေသော သုတေသနပြုဖွံ့ဖြိုးမှုများနှင့် အမျိုးမျိုးသော သုတေသနပြုတွေ့ရှိချက်များအရ စဉ်ဆက်မပြတ် ပြင်ဆင်ပြောင်းလဲပေးသွားရပါမည်။

သုတေသနပြုမှုများမှ ဖော်ထုတ်ထားသည့် ထိရောက်သော ဆေးစွဲခြင်းကို ကုသမှုနောက်ကွယ်ရှိ အခြေခံမူ ၁၃ခုအား  NIDA ၏ ဆေးစွဲမှုကုသရေးအခြေခံမူများ - သုတေသနအခြေပြုလမ်းညွှန် (Principles of Drug Addiction Treatment: A Research-Based Guide တွင်ဆွေးနွေးထားပြီး ဆေးစွဲကုသမှုအခြေခံမူများအကြောင်း ထပ်မံသိလိုပါက https://www.unodc.org/docs/treatment/treatnet_quality_standards.pdf တွင် ဆေးစွဲကုသမှုဆိုင်ရာ UNODC စံနှုန်များအား တွေ့ရှိနိုင်ပါသည်။ 

 

Q: အဆိပ်အတောက်ဖယ်ရှားခြင်း (detoxification) သို့မဟုတ် "detox" ဆိုသည်မှာ အဘယ်နည်း။

A: ဆေးဖြတ်ခြင်းသည် ယင်းထသည့်လက္ခဏာ များအား ပြုစုစောင့်ရှောက်ပေးနေသည့် တစ်ချိန်တည်းတွင် ခန္ဓာကိုယ်အား ၎င်းဖာသာ ဆေးဝါးတစ်ခုကို ဖယ်ရှားခွင့်ပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ယင်းသည် များသောအားဖြင့် ဆေးစွဲမှုကုသသည့် အစီအစဉ်၏ ပထမအဆင့် ဖြစ်လေ့ရှိပြီး နောက်ပိုင်တွင် အပြုအမူအခြေပြုကုထုံး နှင့်/သို့မဟုတ် ရရှိနိုင်ပါက ဆေးပေးခြင်းတို့ ဆောင်ရွက်ရပါမည်။ ဆေးဖြတ်ပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် များ မရှိပါက ဆေးကုသမှုတစ်ခု မဟုတ်ပါ။

 

Q: ယင်းထခြင်းမှာ အဘယ်နည်း။ အချိန်မည်မျှကြာပါသနည်း။

A: ယင်းထခြင်းဆိုသည်မှာ ဆေးတစ်မျိုးအား ကာလရှည်ကြာသုံးစွဲလာရာမှ ရုတ်တရက် လျှော့ခြင်း သို့မဟုတ် ရပ်ခြင်းပြုလုပ်ပါက ဖြစ်ပေါ်လာသော လက္ခဏာအမျိုးမျိုးကို ခေါ်ပါသည်။ ယင်းထသည့် အချိန်ကာလနှင့် လက္ခဏာများမှ မူးယစ်ဆေးဝါးအမျိုးအစားကိုလိုက်ကာ အမျိုးမျိုး ကွဲပြားပါသည်။ ဥပမာ ဘိန်းဖြူ၏ ယင်းထသည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများတွင် ဂနာမငြိမ်ခြင်း၊ ကြွက်သားနှင့်အရိုးများနာခြင်း၊ အိပ်မပျော်ခြင်း၊ ၀မ်းလျှောခြင်း၊ အန်ခြင်းနှင့် ပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ ပါဝင် ပါသည်။  ထိုရုပ်ပိုင်းဆိုင်ရာ လက္ခဏာများသည် ရက်အနည်း ငယ်ကြာနိုင်ပါသည်။ သို့သော် ဘိန်းဖြူယင်းထမှု နှင့်အတူတကွ ဖြစ်သော စိတ်ကျခြင်း သို့မဟုတ် အလွန်အမင်းစိတ်ဆင်းရဲခြင်း (dysphoria) (အလွန်အမင်းပျော်ရွှင်ခြင်း- euphoria၏ ဆန့် ကျင်ဘက်) တို့သည် ရက်သတ္တပတ်နှင့် ချီကာ ကြာပါသည်။ လူနာအများအပြားတွင် ယင်းထခြင်းအား ဆေးပေးခြင်းဖြင့် လက္ခဏာများကို သက်သောစေကာ အလွယ်တကူကုသပေးနိုင် ပါသည်။ သို့သော် ယင်းထခြင်းအား ကုသခြင်းသည် ဆေးစွဲခြင်း အား ကုသခြင်းနှင့် မတူပါ။