လိင်မှုဆိုင်ရာ စိတ်ဆန္ဒ ဆိုတာဘာလဲ။
လိင်မှုဆိုင်ရာစိတ်ဝင်စားခြင်း၊ လိင်ဆက်ဆံလိုသော စိတ်ဆန္ဒွ ဖြစ်ခြင်းတွင် လိင်ဆက်ဆံရန်လှုံဆော်သော အရာများ၊ လိုအပ်သောလှုပ်ရှားမှု၊ လက်တွေ့ လိင်ဆက်ဆံရန်ဆန္ဒရှိမှု စသည်တို့ပါဝင်ပါသည်။
လိင်ဆက်ဆံခြင်း
လိင်ဆက်ဆံခြင်းသည် လူသားတို့၏ လိင်မှုဆိုင်ရာတွေ့ကြုံခံစားရန်အတွက် လက်တွေ.လုပ်ဆောင်ခြင်း ဖြစ်ပါသည်။အခြားသူတဦးနှင့် လိင်ဆက်ဆံခြင်းနှင့် တကိုယ်ရည် လိင်စိတ်ဖြေဖျောက်မှုများ ဖြစ်ပါသည်။
အခြားသူတဦးနှင့်လိင်ဆက်ဆံခြင်း(Intercourse)
မိန်းမကိုယ်(အမျိုးသမီးလိင်အင်္ဂါ) သို့မဟုတ် စအိုအတွင်းသို့ လိင်တံအား ထိုးသွင်းခြင်း၊ ပေါင်ခြံကြားလိင်ဆက်ဆံခြင်း ၊ ပါးစပ်တွင်း လိင်ဆက်ဆံခြင်းနှင့် ရင်သားနှစ်ခုကြား လိင်ဆက်ဆံခြင်းကဲ့သို့သော အခြားလိင်မှုဆိုင်ရာဖြစ်စဉ်များကို ဆိုလိုသည်။
သဘာဝအတိုင်းလိင်ဆက်ဆံခြင်း
သဘာဝအတိုင်းပုံမှန်လိင်ဆက်ဆံခြင်းသည် အမျိုးသား၏လိင်တံကို မိန်းမကိုယ် (အမျိုးသမီးလိင်အင်္ဂါ)အတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း ဖြစ်ပါသည်။
လိင်ကွဲဆက်ဆံခြင်း(Heterosexuality)
လိင်မတူသူအချင်းချင်း လိင်ဆက်ဆံခြင်းဖြစ်ပါသည်။