သင်အချစ်ကို တွေ့ပြီလား …အချစ်ဆိုတဲ့ခံစားချက်ဟာ ဘယ်လိုများပေါ်ပေါက်လာပါသလဲ … အခြေအနေကဖန်တီးပေးလို့ ပေါ်ပေါက်လာတဲ့အချစ်တွေရှိသလို လျှပ်တစ်ပြက် ချစ်မိသွားတဲ့ အချစ်မျိုးတွေလည်း ရှိပါတယ် … လူတစ်ယောက်ကို ချစ်လားမချစ်ဘူးလားဆိုတာဟာ မေးခွန်းထုတ်ဖို့ မလိုပါဘူး… ကိုယ့်ရင်ထဲမှာ အလိုလိုသိရမယ့်ကိစ္စဖြစ်ပါတယ် … အခြားသောအရာတွေ မွေးဖွားလာသလိုပဲ အချစ်ဟာလည်း သူ့အလိုလိုမွေးဖွားလာတာမျိုးပါ … သင်ဟာလူတစ်ယောက်ကို မတွေ့မမြင်ရတဲ့ အချိန်မှာ တွေ့ချင်မြင်ချင်စိတ်တွေဖြစ်လာတာမျိုး၊ သူကို အချိန်တော်တော်များများမှာ သတိရနေ တတ်တာမျိုး၊ သူ့ကို အမြဲအဆင်ပြေနေစေချင်တဲ့ခံစားမှုမျိုးတွေဖြစ်နေပြီဆိုရင်တော့ သင်သူ့ကို ချစ်မိနေပြီလို့သဘောပေါက်ပါ ….